Huawei U8661ကို Firmware ပြန်တင်တဲ့ နည်းပါ သိပ်အခက်အခဲတော့ မရှိပါဘူး အောက်က ပေးထားလင့်ကနေ Firmware ကို အရင်ဒေါင်းလိုက်ပါ
Offical Firmware Download Here
Offical Firmware Download Here
..Firmware ကတော့တခုတည်းပါ ။ဒေါင်းလို့ အဆင်မပြေသူတွေ အတွက်
လင့် နှစ်ခုနဲ့ တင်ပေးထားတာပါ ။ဒေါင်းလို့ ရလာတဲ့ဖိုင်ကို ဇစ်ဖြစ်လိုတ်ပါ.
အဲဒီမှာ ဖိုဒါ တခုထွက်လာမှာပါ. .အဲဒီ ဖိုဒါထဲကို ဝင်လိုတ်ရင်
dload ဆိုတဲ့ ဖိုဒါလေးတခုထပ်မြင်ရမှာပါ.. အဲဒီ dload ဖိုဒါတခုလုံးကို Copy
ယူပါ ထို့ နောက် ဘာမှမရှိသေးတဲ့ (Format ချထားတဲ့) Micro SD ကဒ်ထဲကို ထည့်ပါ ..
ထို့ နောက်ဖုန်းကို ဓါတ်ခဲဖြုတ်ပါ ။ dload ဖိုဒါထည့်ထားတဲ့ SD ကဒ်ကို Firmware
တင်မယ့်ဖုန်းထဲကိုထည့်လိုတ်ပါ ။ ထို့ နောက် ဖုန်းကို ဓါတ်ခဲပြန်တက်ပါ ။
ထို့ နောက် ဖုန်းကို Volume Up & Volume Down & Power ခလုတ် အဲဒီသုံးခုကိုပြိုင်တူဖိထားပေးပါ
ပုံထဲမှာ တချက်ကြည့်လိုတ်ပါ .. အဲလို သုံးခု ပြိုင်တူဖိရမှာပါ. ထို့ နောက်
ဖုန်းရဲ့ Screen ဟာ အောက်ကပုံထဲကိုလို မျိုး အဆင့်လိုတ်လေး
အလုပ်လုပ်နေတာ တွေ့ ရင်ဖိထားတဲ့လက်တွေကို
လွှတ်လို့ ရပါပြီ
အဲဒီလိုမျိုးအဆင့် 1 . 2 . 3 ဆိုပြီးတော့လုပ်ဆောင်သွားမှာပါ.. အကယ်၍ ခလုတ်တွေကိုဖိလို့ မှ အပေါ်ကပုံ
လိုမျိုး ဖုန်းမှာ မပေါ်သေးရင် ဓါတ်ခဲကိုပြန်ဖြုတ်ပါ ။ ပြန်တက်ပါ. ။ ထို့ နောက် ခလုတ်တွေကိုပြန်ဖိပါ ..
Step 3 ကို ကျော်သွားရင်တော့ ဖုန်းဟာ ပါဝါ ပြန်ပွင့်လာမှာ ဖြစ်ပါတယ်..
No comments:
Post a Comment