ASUS Zenfone 5 ကို ကိုင်ဆောင်ထားတဲ့ သူငယ်ချင်းတွေအတွက် Lollipop ဗားရှင်းလေး Update ပေးနေပါပြီ Lollipop တင်လိုက်ရင် Root Access လိုချင်သူတွေ System ပိုင်းကို စမ်းသပ် ကလိချင်တဲ့ ဘော်ဒါတွေအတွက် လွယ်ကူစေမယ့် Zenfone 5 Lollipop Root Toolkit ကိုတင်ပေးလိုက်ပါတယ်
- ပထမဦးစွာ မိမိဖုန်းအား Usb Debugging ဖွင့်ပေးပါ
- ထို့နောက် ဖုန်းအား Pc နှင့် ချိတ်ပေးပါ USB Cable ကောင်းတာကိုသုံးပေးပါ
- Down ပြုလုပ်ပြီး ရလာသော Driver ကို PC မှာ သွင်းပါ
- ထို့နောက် Zenfone Root ToolKit ကိုဖြည်ပြီး Folder ထဲမှ Root.bat ကို Double Click နှိပ်ပေးပါ
- “Press Any Key To Continue …” ဆိုသော သတိပေးစာသားပေါ်လာလျှင် Keyboard မှ ခလုတ် ၁ခုခုကိုနှိပ်ပေးလိုက်ပါ
- Root Process စတင်အလုပ်လုပ်မှာဖြစ်ပြီး ခေတ္တစောင့်ပေးပါ
- Rooting Process ပြီးဆုံးလျှင် Zenfone မှာ Auto Reboot ကျသွားမှာဖြစ်ပြီး
- ပြန်တက်လာရင်တော့ Super su ပေါ်ပြီး သင့် Zenfone မှာ Root Access ရရှိသွားပြီဖြစ်ပါတယ်
credit -MMAS
www.patheinit.com
Payephyokyaw(ပုသိမ်အိုင်တီ)
ပုသိမ်နည်းပညာ
No comments:
Post a Comment