Operating Systems ကို Touch screen, Bluetooth, WiFi, GPS, Camera, Video
Speech recgnition စတဲ့Feature တွေ ထပ်ပေါင်းပြီး ဖန်တီး တည်ဆောက်ထားတဲ့
Operating System ကိုခေါ်ဆိုတာ ဖြစ်ပါတယ်။ ဒီတော့ အဲဒီလိုမျိုး Mobile OS
ပေါင်းများစွာရှိသလို ၄င်းတို့ထည့်သွင်းအသုံးပြုထားတဲ့ Digital Devices
တွေလည်းများစွာရှိကြပါတယ်။ ဥပမာ Apple Product တွေဆိုရင် သူနှင့်သက်ဆိုင်ရာ
IOS ကို အသုံးပြုထားပြီး အခြားသော Nokia တို့ဘာတို့ဆိုရင် Symbiam OS ကို
အသုံးပြုပါသည်။ ဒီလိုပဲ Android Phone တွေဆိုရင် Android OS
ကိုအသုံးပြုထားကြပြီး RIM Black Berry Phone တွေဆိုရင် သူသက်ဆိုင်ရာ Black
Berry OS ကိုသာ ထည့်သွင်းအသုံးပြုထားကြသည်။ ဒီတော့ သက်ဆိုင်ရာ Electronic Device တွေ Mobile Device တွေဟာ အားလုံးနီးပါးအဆင့်မြင့် ကောင်းမွန်ကြပြီး လူကြိုက်များပြီး အသုံးတည့်မည့် Features တွေကို ထည့်သွင်းတည့်ဆောက်ထားကြပါတယ်။ ဒါပေမယ့် သူတို့ရဲ့ အဓိကကွာခြားချက်ကတော့ ထည့်သွင်းအသုံးပြုထားတဲ့ OS ဖြစ်ပါတယ်။အဲဒီ OS ပေါ်မူတည့်ပြီး ၄င်းတို့ရဲ့ ဈေးကွာက်ရှယ်များ ကွာခြားခြင်း User Interface
ကွာခြးခြင်း စတာတွေဆင့်ကဲ ဖြစ်ပေါ်လာကြတာဖြစ်ပါတယ်။ ကောင်းပြီးဒီတော့ ဆက်ပြီး Mobile Operating System တွေကိုလေ့လာကြ၇အောင်ဗျာ။Android Operating System အကြောင်း
သူကတော့ လက်ရှိကျွန်တော့တို့နိုင်ငံမှာ လူကြိုက်များပြီး အသုံးများတဲ့ Mobile Operating System တစ်ခုဖြစ်ပါတယ်။ အဲဒီ Android OS ကိုမူက Android Inc မှစတင်ထုတ်လုပ်ခဲ့တာဖြစ်ပြီး လွန်ခဲ့တဲ့ 2005 ခုနှစ်မှာစတင်၍ Google မှာ ၄င်းကုမ္ပဏီကို ဝယ်ယူလိုက်ပြီးနောက် Android OS Version အသစ်များကို ဆက်လက်ထုတ်လုပ်ခဲ့တာဖြစ်ပါတယ်။ Android ဆိုတာ တကယ်တော့ Linux အဖြေပြု OS ဖြစ်ပြီး လွန်ခဲ့တဲ့ 2007 ခုနှစ်ကုန်ပိုင်းလောက်ကစပြီး ခေတ်စားလာခဲ့တာဖြစ်ပါတယ်။
ICe cream Sandwich uupgradable
Android 1.0 Version 1.5, .1.6 and 2.0 စတဲ့ Android Version တွေကို Mobile Phone အများစုမှာ ထည့်သွင်းအသုံးပြုခဲ့ကြပြီး Android OS2 ကိုတော့ Android Phone အပြင်အခြားသော Tablet အတွက်သာ သီးသန့်ထုတ်လုပ်ခဲ့တာဖြစ်ပါတယ်။ ယခုလက်ရှိအချိန်မှာတော့ Android Version 4.1 အထိဖြစ်နေပြီးသာမကဘူး 4.4.4. အထိဖြစ်နေပြီး။ Tablet နှင့် Mobile Phone အများစုမှာ ထည့်သွင်းအသုံးပြုထားပြီး လက်ကျွန်တော်တို့နိုင်ငံမှာ လူကြိုက်များ ရေပန်းစားနေတဲ့ Mobile OS တစ်ခုတောင်ဆိုနိုင်ပါတယ်။



No comments:
Post a Comment